Friday, April 5, 2013

Google.com.mm ကိုမြန်မာဘာသာဖော်ပြချက်များဖြင့်နှင့်အသုံးပြုနိုင်ပါပြီဗျာ








Google.com.mm ကို မြန်မာဘာသာဖော်ပြချက်များနှင့် အသုံးပြုနိုင်ပြီ

အင်တာနက်ဝန်ဆောင်မှု ကုမ္ပဏီ Google သည် www.google.com.mm ကို မြန်မာဘာသာဖော်ပြချက်များဖြင့် တရားဝင် ပြောင်းလဲ လွှင့်တင်လိုက်ပြီ ဖြစ်သည်။ ယခုအခါ မြန်မာနိုင်ငံရှိ အင်တာနက်အသုံးပြုသူများ အနေဖြင့် www.google.com.mm သို့ ဝင်ရောက်ပြီး Search Box ၏ အောက်ဘက်တွင်ရှိသော “မြန်မာဘာသာ”ဟူသည့် စာလုံးကို ကလစ်နှိပ်ကာ menu ဖော်ပြချက်များအား မြန်မာဘာသာဖြင့် ပြောင်းလဲအသုံးပြုနိုင်ပြီ ဖြစ်သည်။

www.google.com.mm ကို မတ်လ ၂၁ ရက်တွင် စတင်၍ အသုံးပြုနိုင်ခဲ့ခြင်းဖြစ်သော်လည်း မြန်မာဘာသာဖော်ပြချက်များဖြင့် မဟုတ်ချေ။ ယခု ဧပြီလ ၄ ရက်တွင်မူ မြန်မာဘာသာဖော်ပြချက်များ ပါဝင်သော www.google.com.mm ကို Google က တရားဝင် ပြောင်းလဲလွှင့်တင်လိုက်ခြင်း ဖြစ်သည်။ www.google.com.mm မှ မြန်မာဘာသာ ဖော်ပြချက်များကို ဖတ်ရှုနိုင်ရန် မိမိ၏ ကွန်ပျူတာတွင် Myanmar 2, Myanmar 3 စသည့် ယူနီကုဒ်ဖောင့်ကို ထည့်သွင်းထားရန် လိုအပ်မည်ဖြစ်သည်။ (ဒီနေရာမှာ Myanmar 3 font ကိုဒေါင်းယူနိုင်ပါတယ်)

ပြီးခဲသည့် မတ်လ ၂၂ ရက်တွင် Google ကုမ္ပဏီ၏ အမှုဆောင်ဥက္ကဋ္ဌ အဲရစ်ရှမစ် မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီးနောက် Google ၏ ဝန်ဆောင်မှုတစ်ခုဖြစ်သော Google Play Store ကိုလည်း မြန်မာနိုင်ငံမှ ဝင်ရောက်အသုံးပြုလာနိုင်ခဲ့သည်။ီ

Monday, January 14, 2013

Internet using book

အင်တာနက်နဲ့ ပတ်သက်လို့ အခြေံကျကျသိနိုင်တဲ့နည်းလမ်းများပါတဲ့စာအုပ်လေးကိုသူငယ်ချင်းတို့သဘောကြလိမ့် မယ်လိုထင်ပါတယ်ဗျာ
                                              အင်တာနက်နဲ့ပတ်သက်ပြီးအသုံးပြုနည်းတော်တော်များများပါတယ်အခြေခံသမား တွေသိထားဖတ်ထားဆောင်ထားသင့်ပါတယ်နောက်လူတွေပြန်လည်သင်ပြတဲ့အခါ ပဲဖြစ်ဖြစ်ကိုယ်တိုင်မရှင်းလင်းသေးတဲ့အင်တာနက်နဲ့ ပတ်သက်တဲ့ပညာအတော်တော် များများလေ့လာလို့ ရပါတယ်ဖတ်ထားသမျှပြန်လည်မျှဝေပေးလိုက်ပါတယ်အခြေခံပ ညာသင်ဝါသနာတူသူငယ်ချင်းအားလုံးအဆင်ပြေနိုင်ပါစေစာအုပ်တွေကိုမေးထဲကနေ တောင်းဆိုနိုင်ပါတယ်လိုင်းမကောင်းလို့ ပဲဖြစ်ဖြစ်ပိတ်ထားလို့ ပဲဖြစ်ဖြစ်ဒေါင်းလုပ်ယူမ ရသူများအားလုံးမေးကတဆင့်လိုအပ်တဲ့စာအုပ်များတောင်းဆိုနိုင်ပါကြောင်း......။ စာအုပ်ကိုဒီမှာ Downloadယူပါ အင်တာနက်ဆိုင်ရာအခြေခံပညာရပ်များ .......http://min.us/ldQDWo7cfJ9So                                                                                   

Sunday, December 9, 2012

ဒီဝတ်ဆိုက်လေးကတော့englishစာလေ့လာသူတွေအတွက်လမ်းညွှန်ပေးလိုက်တာပါ
http://www.thebestenglish4you.com/index.html

 
ချစ်ခြင်းရဲ့အခြားတစ်ဖက်မှာ
တိတ်တိတ်လေးနေလာခဲ့တဲ့ဘဝ
`အချစ်`ဆိုတဲ့ဂယက်ထမိမှ
အလွမ်းလက်နက်ပုန်းနဲ့
ချေမှုန်းခြင်းခံလိုက်ရတယ်...
အလွမ်းဆိုတာ...........
.အကျွမ်းတ၀င်ရှိခဲ့ကြတဲ့သူတိုင်းအတွက်
ဓားစာခံပစ္စည်းတစ်ခုလား။
ဒါမှမဟုတ်....
သတိရခြင်းတွေနဲ့ထုံမွှမ်းထားတဲ့
စံအိမ်လေးပဲလား။
ဒါမှမဟုတ်.....
ချစ်ကြသူတိုင်းရဲ့
မမြင်နိုင်တဲ့ ဆုံစည်းခြင်းတစ်ခုလား။
ဘာပဲဖြစ်ဖြစ်ပေါ့........
အချစ်ရှိသူတိုင်းအတွက်တော့
အလွမ်းဆိုတာ......
.ထာဝရပိုက်ထွေးခွင့်ရမယ့်
ရင်ခွင်ပိုက် ပစ္စည်းတစ်ခုပါပဲလေ..။

                                  ကဗျာကောင်းလေးပါ